ဇာတ်လမ်းအကျဉ်း
ဘေးအိမ်က တစ်ယောက်ကတော့ တကယ်ကို ရူးနေတဲ့ ကောင်ပဲ ဖြစ်ရမယ်!
ဘတ်ဂန်းဟယွန်း ဆိုတာ Baekcheong Group ဥက္ကဋ္ဌရဲ့ စတုတ္ထမြောက်သားဖြစ်ပြီး အဖွဲ့အစည်းရဲ့ ကွယ်ဝှက်ထားတဲ့ ဆက်ခံသူတစ်ဦးပါ။ သူ့မှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ မျိုးရိုးဗီဇဟာ ၉၉ ရာခိုင်နှုန်း Alpha ဖြစ်ပြီး ၁ ရာခိုင်နှုန်းကတော့ Omega ဖြစ်နေတာပါပဲ။ တစ်သက်လုံး လွှမ်းမိုးမှုအရှိဆုံး Dominant Alpha တစ်ယောက်အဖြစ် နေထိုင်လာခဲ့တဲ့ သူ့ရဲ့ အေးချမ်းလှတဲ့ ဘဝထဲကို ကွမ်ဟယ်အီ ဆိုတဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်လာပါတော့တယ်။
“မင်းကို သိပ်ချစ်လွန်းလို့ ငါသေတောင် သေသွားနိုင်တယ်၊ ဘတ်ဂန်းဟယွန်း။”
ဒီရူးကြောင်ကြောင် စကားလုံးတွေ၊ ခန့်မှန်းရခက်တဲ့ အပြုအမူတွေနဲ့ ဟယ်အီဟာ ဂန်းဟယွန်းရဲ့ နယ်နိမိတ်တွေကို စတင်ကျော်နင်းလာတဲ့အခါ…။ ပြီးပြည့်စုံတဲ့ Alpha တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ဂန်းဟယွန်းဟာ သူ့ရဲ့ ၁ ရာခိုင်နှုန်းသော Omega ဗီဇကြောင့် တုန်လှုပ်သွားမလား? ဒါမှမဟုတ် ဘေးအိမ်က ဒီ “အရူး” ကောင်ကိုပဲ လက်လျှော့အရှုံးပေးလိုက်ရမလား?
ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းချုပ်နိုင်အောင် ချစ်ပြမယ့် “Crazy Bastard” Character မျိုးကိုသဘောကျရင် လုံးဝအကြိုက်တွေ့မှာပါ။ဒီဇာတ်လမ်းလေးက ဖတ်ရှုသူတွေကို တစ်လှည့်ပြုံး၊ တစ်လှည့်ရင်ခုန်စေမယ့် ဇာတ်လမ်းမျိုးဖြစ်မှာ အသေအချာပါပဲ။
