ဇာတ်လမ်းအကျဉ်း
သြဇာရှိပြီး ခန့်ညားတဲ့ Tiger-Shifter (ကျားလူသား) မင်းသားကြီး Yong-woo ဟာ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ “လာဘ်မကောင်းတဲ့ ကြောင်နက်လေး” ဆိုပြီး နှိပ်စက်ခံနေရတဲ့ ကြောင်လေးတစ်ကောင်ကို သနားလို့ ကယ်တင်ခဲ့ပါတယ်။ “Dodong” လို့ နာမည်ပေးပြီး အသည်းအသန် အချစ်ပိုနေတုန်း… တစ်နေ့ နေ့လယ်စာစားပြီး နိုးလာတဲ့အခါမှာတော့ ကြောင်လေးရော၊ သူ့ရဲ့ ပိုက်ဆံအိတ်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေပါ အစအနရှာမရအောင် ပျောက်ဆုံးသွားပါတော့တယ်။
တကယ်တော့ အဲ့ဒီကြောင်လေးက Hae-dong ဆိုတဲ့ Cat-shifter (ကြောင်လူသား) ဖြစ်ပြီး မင်းသားကြီးကို ကြောင်ယောင်ဆောင်ပြီး လှည့်စားသွားခဲ့တာပါ။ ဒါပေမဲ့ မီဒီယာတွေက မင်းသားကြီးက ကြောင်လေးကို စွန့်ပစ်လိုက်တယ်ဆိုပြီး သတင်းတွေ တက်လာတဲ့အခါမှာတော့… အရှက်ကွဲရတော့မဲ့ မင်းသားကြီးဟာ သူ့ကို လှည့်စားသွားတဲ့ “ကြောင်သူတော်လေး” ကိုပဲ ရှာဖွေပြီး အပေးအယူတစ်ခုအနေနဲ့ အတူနေအဖော်လုပ်ဖို့ ကမ်းလှမ်းလိုက်ပါတော့တယ်။
ဒီဇာတ်လမ်းဟာ “Betrayal to Romance” ပုံစံလေးကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး လူသားတွေကြားထဲ သူတို့လို Shifter တွေ အနုပညာလောကမှာ ဘယ်လိုရှင်သန်နေထိုင်ကြလဲဆိုတဲ့ ကမ္ဘာလေးကို မြင်တွေ့ရမှာပါ။ မင်းသားကြီးရဲ့ “နုံအမှု” နဲ့ ကြောင်လေးရဲ့ “ဉာဏ်များမှု” တွေက ရီဒါလေးတို့အရင်ထဲအသည်းထဲရောက်စေမှာအမှန်ပါပဲ
“သူခိုးကလည်း ဖြစ်သေး၊ လူလိမ်ကလည်း ဖြစ်သေး… အဲ့ဒီ ကြောင်သူတော်လေးကိုမှ ချစ်မိသွားတဲ့ ကျားမင်းသားကြီးရဲ့ ကံကြမ္မာက ဘာဖြစ်မလဲ?” ဆိုတာ ဖတ်ကြည့်လိုက်တော့နော်
