ဇာတ်လမ်းအညွှန်း
ကမ္ဘာကြီးကို ဗိုင်းရပ်စ်ဆိုးကြီး ရိုက်ခတ်သွားပြီးနောက် လူ့အဖွဲ့အစည်းဆိုတာ ပျက်သုဉ်းသွားပြီး ယခုလောကကြီးမှာ လူသားဆိုတဲ့ မေတ္တာတရားထက် အမဲလိုက်သတ္တဝါလို ရက်စက်ကြမ်းကြုတ်မှုတွေကသာ စိုးမိုးနေပါတော့တယ်။
ဒီလို ငရဲခန်းလို ကမ္ဘာမှာ အသက်ဆက်နိုင်ဖို့ လူအများစုက အုပ်စုဖွဲ့ လှည့်လည်ရှင်သန်နေကြပေမယ့် ဆယ်ဟိုကတော့ တစ်ဖက်လူတွေက ‘အသုံးမကျဘူး’ လို့ သတ်မှတ်နှိမ်ချကြတဲ့ ဟယ်ဆူဆိုတဲ့ လူငယ်လေးကို ကာကွယ်ဖို့အတွက် နှစ်ယောက်တည်း ခွဲထွက်ပြီး တိတ်တဆိတ် ရုန်းကန်ရှင်သန်နေခဲ့ပါတယ်။
ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အကြမ်းဖက်မှု၊ လူသတ်မှုနဲ့ ကာမစပ်ယှက်မှုတွေကို ပျော်ရွှင်စရာ အပျော်အပါးတစ်ခုလို ကျင့်သုံးနေကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်အုပ်စုတစ်ခုရဲ့ လက်ထဲကို ကျရောက်သွားပါတော့တယ်။ အဲဒီအုပ်စုထဲမှာ အင်မတန် အန္တရာယ်ကြီးပြီး စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ ဝွန်ဆိုတဲ့ လူက ဆယ်ဟိုကို ထူးဆန်းတဲ့ စိတ်ဝင်စားမှုတစ်ခု ဖြစ်လာပါတော့တယ်။
အခြေအနေတွေ အလွန်အမင်း ဆိုးရွားလာချိန်မှာ ဆယ်ဟိုဟာ မိမိတို့ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ထိုအုပ်စုရဲ့ ခေါင်းဆောင်လိုဖြစ်နေတဲ့ ဝွန်နဲ့အတူ အသက်ရှင်ကျန်ရစ်ရေးအတွက် အန္တရာယ်များလှတဲ့ အပေးအယူတစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…
လွတ်မြောက်ဖို့အတွက် ဆယ်ဟို ဘာတွေပေးဆပ်ရမလဲ? ဝွန်ရဲ့ ထူးဆန်းတဲ့ စိတ်ဝင်စားမှုနောက်ကွယ်မှာ ဘာတွေရှိနေမလဲ? အသုံးမကျဘူးလို့ လူတွေထင်ထားတဲ့ ဟယ်ဆူရဲ့ ကံကြမ္မာကရော ဘယ်လိုဖြစ်သွားမလဲ?
BL ဇာတ်လမ်းတွေထဲမှာ အရမ်းကိုရှားတဲ့ Survival Thriller အမျိုးအစားကို သုံးပွင့်ဆိုင် အချစ်ဇတ်လမ်းဖြစ်ပြီး တမူထူးခြားတဲ့အငွေ့အသက်နဲ့ ဖတ်တဲ့သူကိုဆက်ဖတ်ချင်အောင်ဆွဲဆောင်သွားမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
