ဇာတ်လမ်းအကျဉ်း
“ Bau၊ ငါ့ရဲ့အဖော် ဖြစ်ပေးမလား?”
တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ တောင်ယာအလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး ရုပ်ရည်ချောမောတဲ့ Bau ဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိတယ်, သူဟာ တောင်တန်းတွေ၊ မြက်ခင်းပြင်တွေကို အဖော်ပြုရင်း နေ့ရက်တိုင်းမှာ ဆန်အရက် ကိုချက်လုပ်ပြီး လယ်ယာစိုက်ပျိုးရင်း အချိန်ကုန်ဆုံးလေ့ရှိတယ် ….သူ့ဘဝအတွက် ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက် ပေးသနားဖို့ တောင်စောင့်နတ်မင်းဆီမှာ ထပ်ခါတလဲလဲ ဆုတောင်းခဲ့ပေမဲ့ သူပြန်ရလိုက်တာကတော့ သူတန်ဖိုးထားရတဲ့ စိုက်ခင်းတွေကို လာရောက်ဖျက်ဆီးကာ ခိုးစားတက်တဲ့ ရေသမင်တစ်ကောင်ရဲ့ ခြေရာတွေပဲ ဖြစ်နေခဲ့တယ်၊ ဒါပေမဲ့ တစ်နေ့မှာတော့ Bau ဟာ မြေပေါ်မှာ ကျကွဲနေတဲ့ ဆန်အရက်အိုးတစ်လုံးရှေ့မှာ လဲကျနေတဲ့ ကိုယ်လုံးတီးအမျိုးသားတစ်ယောက်ကို တွေ့သွားခဲ့ပီး အဲဒီသူစိမ်းဟာ သတိမေ့မြောနေကာ ညိုမှောင်တဲ့အသားအရေ၊ ကြီးမားသန်မာတဲ့ ကြွက်သားတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ စွယ်သွားလေးတွေကြောင့် မြင်သူငေးလောက်စရာ ဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ Bau ဟာ တစ်ခုကို ချက်ချင်းပဲသဘောပေါက်သွားပါတော့တယ်။
“နောက်ဆုံးတော့ တောင်စောင့်နတ်မင်းက ငါ့အတွက် အဖော်တစ်ယောက် ပို့ပေးလိုက်ပြီပဲ!”
ဒီဇာတ်လမ်းလေးကတော့ Fantasy Romance နဲ့ Comedy အငွေ့အသက်လေးတွေ ရောယှက်နေတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါ။ တောင်စောင့်နတ်မင်းဆီကနေ အဖော်မွန်တောင်းရာကနေ မမျှော်လင့်ဘဲ ထီပေါက်သလို ယောကျာ်းတစ်ယောက်ပိုင်ဆိုင်လိုက်ရတဲ့ သမိုင်းနောက်ခံအချစ်ဟာသဇာတ်လမ်းလေးဖြစ်တာမလို့ ဖတ်ရတာ တကယ်ကို စိတ်လက်ပေါ့ပါးစေပြီး အပိုင်းတိုင်းဖတ်ရင်းနဲ့ အပန်းပြေစေမယ့် အချစ်ဇာတ်လမ်းမျိုးပါ။
