Dark?

The Taming Color
Bookmark
Followed by 2 people
7.9
Status Ongoing
Type Manhwa
Released 2025
Author Chu, UsU
Artist Chada
Serialization Ridibooks (Ridibooks)
Posted By
Posted On
Updated On

The Taming

Thuần Hóa, テイミング, 테이밍, 테이밍(The Taming)

Synopsis The Taming

ဇာတ်လမ်းအကျဉ်း

တောင်ပိုင်းက မြင့်မြတ်တဲ့ မင်းမျိုးနွယ်စုရဲ့ အငယ်ဆုံးသား မီရှဲလ် အာနိုးလ်ဟာ အရွယ်ရောက်တာနဲ့တစ်ပြိုင်နက် မြောက်ပိုင်းရဲ့ အေးစက်စက် အရှင်သခင် အီယန် ရှယ်လက်ဂ်ဆီကို ရောင်းစားခံရသလိုမျိုး လက်ထပ်ဖို့ စေလွှတ်ခြင်းခံလိုက်ရပါတယ်။

ဒါပေမဲ့ မီရှဲလ် ရောက်သွားတဲ့အခါမှာတော့ သူ့ကိုစောင့်ကြိုနေတာက စည်ကားတဲ့ရဲတိုက်ကြီး မဟုတ်ဘဲ တိတ်ဆိတ်လှတဲ့ စံအိမ်ငယ်လေးတစ်ခုသာ ဖြစ်နေခဲ့တယ်။

“လာမယ့် တစ်လအတွင်း ကျွန်တော်က ကျွန်တော့်သခင်ရဲ့ကိုယ်စား မင်းသားလေးကို ပြုစုစောင့်ရှောက်သွားမှာပါ။ ကျွန်တော့်နာမည်က အိန်း ပါ”

အီယန် ရှယ်လက်ဂ် အစား သူ့ရဲ့အစေအပါးဆိုသူ အိန်း ကသာ မီရှဲလ်ကို စောင့်ကြိုနေခဲ့ပါတယ်။ မြောက်ပိုင်းရဲ့ ဓလေ့ထုံးတမ်းတွေကို သင်ကြားပေးဖို့နဲ့ သခင်ဖြစ်သူရဲ့ နှလုံးသားကို ဘယ်လို သိမ်းပိုက်ရမလဲဆိုတာကို သင်ပေးဖို့အတွက် သူတို့နှစ်ဦးဟာ စံအိမ်ငယ်လေးထဲအတူတူ ရှင်သန်ရပါတော့တယ်။

ဆံပင်အနက်ရောင်၊ ပြာလွင်တဲ့ မျက်ဝန်းတွေနဲ့ အေးစက်လှတဲ့ အိန်းဟာ သူ့ရဲ့သခင်နဲ့ ထူးဆန်းစွာ တူညီနေတယ်။

“ကျွန်တော် ပြောမထားဘူးလား? ကျွန်တော့်သခင်ရဲ့ နှလုံးသားကို တစ်ညတည်းနဲ့ ဘယ်လို ဖမ်းစားရမလဲဆိုတာ ကျွန်တော်သင်ပေးမယ်လေ”

နေ့ရောညပါ မပြတ်တဲ့ ဒီ “သင်တန်း” တွေကြားမှာ မီရှဲလ်ရဲ့ ရင်ခုန်သံတွေက အီယန် ဆီကို ဦးတည်နေတာလား၊ ဒါမှမဟုတ် ရှေ့မှာရှိနေတဲ့ အိန်း ဆီမှာပဲ ရပ်တန့်နေတာလား? အိန်း ဆိုတဲ့ လူကကော တကယ်ပဲ အစေအပါး တစ်ယောက်သက်သက်လား… ဒါမှမဟုတ် တစ်စုံတစ်ခုကို ကြိုတင် စီစဉ်ထားတာလား?

သမိုင်းနောက်ခံကိုအခြေခံထားပြီး ဒီလို ထူးခြားတဲ့ ဇာတ်အိမ်မျိုးက Readerတွေကို ဇာတ်သိမ်းပိုင်းအထိ ဆွဲဆောင်ထားနိုင်မှာ လုံးဝအသေအချာမလို့ လက်မလွှတ်ပဲဖတ်သင့်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

Home
Account
ခြင်း
Search